ကျွန်းသစ်တစ်ခုဖြစ်သော Cock Burn ကျွန်း(ခေါ်) လည်ရွဲလေးလုံးကျွန်းသည် ကျွန်းသည် ပြီးပြည့်စုံသောရ ဖြူဖွေးသော သဲသောင်ပြင်များရှိသည့် ကျွန်းအသေး ငါးကျွန်းဖြင့်ဖွဲ့စည်းထားသောကြောင့် ရှူခင်းများ View Point များကို ရောက်ရှိရင် စွန့်စွန့်စားစားဖြင့် ဓါတ်ပုံလှလှလေး ရိုက်နိုင်ပြီး၊ ရေငုပ်ခြင်း၊ ရေကူးခြင်းများ ပြုလုပ်နိုင်ပါသည်။
- အဆင့်မြင့်စပီးဘုတ်ဖြင့် ကျွန်းကို တစ်နေ့လုံးလည်ပါတ်မည့်အစီအစဉ်
- အသက်အာမခံ
- ဒေသခံဧည့်လမ်းညွှန်
- အသက်ကယ်အင်္ကျီ၊ ရေငုပ်ကိရိယာများ
- နေ့လည်စာ တစ်နပ်
- နိုင်ငံသားမှတ်ပုံတင်(သို့) ပါစ်ပို့
- ရေကူးဝတ်ဆုံ၊ နေရောင်ကာကရင်(မ်)၊
- နေကာမျက်မှန်၊ ကင်မရာ( ရေစိုခံကင်မရာပိုသင့်တော်သည်)
လည်ရွဲလေးလုံးကျွန်း၊ ငလုံးလက်ဖယ်ကျွန်း
ကော့သောင်းမြို့မတံတားမှ စတင်ထွက်ခွာပါမည်။ လှေပေါ်တွင် အသက်ကယ်အင်္ကျီ၊ ရေကူးကိရိယာများ၊ သောက်ရေသန့်ဘူးများရရှိပါမည်။
ကျွန်းငါးကျွန်းဖြင့်ဖွဲ့စည်းထားသော လည်ရွဲလေးလုံးကျွန်း(ခေါ်) Cock Burn ကျွန်းသို့ေ၇ာက်ရှိပါမည်။ ရေငုပ်ခြင်း၊ ရေကူးခြင်း၊ တောင်ပေါ်သို့စွန့်စွန့်စားစားတက်ရောက်ပြီး ဓါတ်ပုံရိုက်ခြင်း၊ ကျွန်းအလှအပများခံစားနိုင်ပါသည်။
Reindeer Bay ကိုရောက်ရှိပါမည်။ လှပသော ရေအောက်သန္တာကျောက်တန်းများ၊ လှပသော ရောင်စုံခြယ်ငါးများကိုကြည့်ရှုခံစားနိုင်ပါသည်။
ပုလဲကျွန်း(ခေါ်) ငလုံးလက်ဖယ်ကျွန်းတွင် နေ့လည်စာသုံးဆောင်ပါမည်။ အိမ်သာ၊ ရေချိုးခန်းနှင့် ထမင်းစားဆောင်များရှိသဖြင့် အေးအေးဆေးဆေး အနားယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း၊ ရေကစားခြင်းများပြုလုပ်နိုင်ပါသည်၊
Golden Bay သို့ရောက်ရှိပါမည်။ နေရောင်ခြည်ထိုးဖောက်ဝင်နိုင်သော ကြည်လင်ပြီးသန့်ရှင်းသည် စိမ်းပြာရောင် ရေပြင်တွင် ရေငုပ်ရင်း ရောင်စုံခြယ်ငါးများကို ကြည့်ရှုခံစားပါမည်။
မြန်မာပင်လည်ရဲ့ အလှဆုံး Snorkeling Side တစ်ခု ဖြစ်သော Little Rock ကိုရောက်ရှိပါမည်။ ထိုနေရာတွင် အလွန်သိပ်သည်းသော ရေအောက်သန္တာကျောက်တန်းများနှင့် ရေအောက်အလှအပ်များကို ကြည့်ရှုခံစားပါမည်။
ကော့သောင်းမြို့သို့ ပြန်လည်ထွက်ခွာပါမည်။
ရာသီဥတုနှင့် ပင်လယ်ပြင်အခြေအနေကြောင့် အသိပေးခြင်းမရှိပဲ ခရီးစဉ်အချို့ ပြောင်းလဲပြင်ဆင်မည်ဖြစ်ပါသည်။
မိမိလက်ချက်ဖြင့် ရေကူးကိုရိယာများပျောက်ဆုံးလျှင်
ရေငုပ်မျက်မှန်အတွက် 500 ဘတ်
အသက်ရှူပိုက်အတွက် 500 ဘတ် ပေးဆောင်ရပါမည်။